Saturday, June 27, 2015

ကားအင်ဂျင်အကြောင်း

Overheat ပြသနာ


အင်ဂျင် တစ်လုံး သာမာန်ပူချိန်အတွင်း မောင်းနေလျှင် အင်ဂျင်
_မီးခိုး ထွက်နဲစေသည်
_ဆီးစားပုံမှန်ဖြစ်မည်
_စွမ်းဆောင်ရေ ကောင်းသည်

အင်ဂျင် တစ်လုံး overheat ဖြစ်လျှက် ဆက်မောင်းနေလျှင် ဖြစ်လာနိုင်သော overheat ပြသနာမက တခြားသော ပြသနာ များမှာ_
၁။ အင်ဂျင်ပါဝါကျဆင်းလာ၍ ခေါက်သံထွက်လာမည်။ အကျိုးဆက်က piston, rings, connecting rod တွေပျက်စီးလာနိုင်သည်။
၂။ အပူကြောင့် piston ဖောင်းကားလာပြီး ပွန်းရာ ခြစ်ရများ ဖြစ်လာနိုင်။ ပွန်းရာ ခြစ်ရာများ ဖြစ်လာတော့ compression မလုံ။ compression မလုံတော့ ပါဝါကျ။ compression မလုံတော့ မီလောင်ခန်းထဲ ဆီဝင်။ blue smoke ထွက်။
၃။ Exhaust valve များလည်း ဖောင်းကားလာပြီး ခြစ်ရာ စင်းရာဖြစ်၊ compression မလုံ။ ပါဝါကျ။ ဆီဝင်။ ဆီကြောင့် blue smoke ထွက်။
၎။ engine head များပူလာပြီး head gasket ပျက်စီး၊ head gasket ပျက်စီးလျှင် ဆီဝင်လာနိုင်၊ ရေ၀င်လာ နိုင်။ ဆီကြောင့် blue smoke ထွက်၊ ရေကြောင် white smoke ထွက်။

အင်ဂျင် သတ်မှတ်ထားသော ပူချိန်မှာ အမြင့်ဆုံးတန်ဖိုးမှာ ၉၅°C ဖြစ်သည်။ ထို့ထက် ပိုလျှင် overheat ဖြစ်သည်ဟု သတ်မှတ်သည်။
အင်ဂျင် overheat ဖြစ်လျှင် ဆက်မမောင်းဘဲ အပြစ်ချက်ရှာပြီး ပြင် လိုက်တာ အကောင်းဆုံးဖြစ်သည်။

အပြစ်ချက်ရှာဖွေချက်များမှာ_
၁။ coolant leak
ရေယိုတာ။ ရေယိုတော့ radiator ထဲမှာ ရေနဲ၊ ရေနဲတော့ overheat ဖြစ်သည်။ အပြင်ယိုတာ နဲ့ အတွင်းယိုတာ။ အပြင်ယိုတာ ကျတော. မျက်စိဖြင့် cooling system တလျှောက် လိုက်ရှာ၍ ပြုပြင်ရလွယ်ကူသည်။ အပြင်ယိုတာက
water hoses၊ water pump gasket ၊ thermostat housing gasket၊ cylinder head gasket တွေကနေ ယိုနိုင်သည်။ radiator tube ပေါက်ပြီး ယိုနိုင်သည်။
မမြင်ရဘဲယိုတာတွေကတော့ cylinder head gasketကနေယိုတာ liner ပေါက်တာ၊ cylinder head ကွဲပြီးယိုနိုင်သည်။
မမြင်ရတဲ့ အပိုင်း အတွင်းဘက်မှာ ယို တာကိုတော့ radiator ကို pressure test လုပ်ခြင်းဖြင့် လည်းကောင်း စမ်းသပ်နိုင်သည်။ pressure ကို 12 psi to 15 psi အတွင်းထား၍ ၁၅ မီနစ်ခန့်ထား၍ စမ်းသပ်နိုင်သည်။ prsssure ကျသွားလျှင် အတွင်းတနေရာရာတွင် အယိုအစိမ့်ရှိနေမည်။ နောက်စမ်းသပ် နည်းတခုကတော့ radiator overflow pipe ကိုရေခွက်တခုထဲထည့်၍ အင်ဂျင်ကိုနှိုးကာ ပူစီပေါင်းထွက်မထွက် စမ်းသပ်သော နည်းဖြစ်သည်။ ပူစီပေါင်းများ ဆက်တိုက်ထွက်နေလျှင် အထဲမှာ leak ရှိနေ၍ ဖြစ်သည်။
၂။ thermostat
Operator အတော်များများသည် overheat ဖြစ်လျှင် radiator ကို လက်ညှိုးထိုးတတ်သည်။ radiator နောက်က သာမိုစတက် ဖြစ်များတာကို ကျွန်တော့ အတွေ့အကြုံရ သိရသည်။
သာမိုစတက် ကောင်းမကောင်းကိုတော့ သာမိုစတက်ကို ရေဆူဆူတွင်နှစ်၍ valve ပွင်မပွင့်စမ်းသပ်နိုင်သည်။ တလက္မ၀က်ကနေ တလက္မခန့်ပွင့်လျှင် သာမိုစတတ်ကောင်းသည်။ နောက်စမ်းသပ်နည်း တခုမှာ အင်ဂျင်ကို နှိုး၍ header pipe ကို လက်နှင့်စမ်းကာ အင်ဂျင်ပူချိန်ရောက်တဲ့ အထိ pipe က အေးတုန်းဆိုလျှင် thermostat မပွင့်၍ ဖြစ်သည်။ သာမိုစတ်လဲရပါမည်။ သာမိုစတက် တွင် လေမခိုအောင် ပေါက်သေးသေး တပေါက်ပါသည်။
၃။ radiator
အထဲတွင် internal corrosion ဖြစ်၍၊ နောက်တခု က radiator အပြင်၌ အမိုက်သရိုက် များဖြင့် လေလမ်းကြောင်းပိတ် ၍ overheat ဖြစ်သည်။ radiator ကိုဆေးရပါမည်။
၎။ water pump
Pump ဒလက် (impeller) စား ၍ flow ကောင်းကောင်း မစီးတော့၍ overheat ဖြစ်သည်။ တခါတလေ ဒလက် သည် water pump ၀င်ရိုး ကနေ ကျွံ့ထွက်သွားပြီး ပူလီလည်နေသော်လည်း impeller မလည်တော့၍ overheat တောက်လျောက်တက်သည်။
Housing cavitation erosion (ရေတွင်ပါလာသော ပူစီပေါင်းများ တိုက်စားခြင်းကြောင့်) hosusing နံရံ နှင့် ဒလက်မျာ ပျက်စီးကာ ဧရိယာ ကျယ်လာပြီး flow နဲ၍ overheat ဖြစ်သည်။
၅။ fan/fan belt/ fan clutch
Fan clutch ချောဆီ မကောင်း၍ချောင်ကာ အဖြစ်များသည်။ fan clutch ကောင်းမကောင်း ကို fan clutch ၌ ဆီယိုမယိုကြည့်ခြင်းဖြင့် လည်းကောင်း၊ fan blade ကို ရှေ့နောက်လှုပ် ကြည့်ခြင်းဖြင့် လည်းကောင်းသိနိုင်သည်။ fan clutch မကောင်းလျှင် fan blade လည်း fan guard နှင့် ညှိပြီး ကျိုးးထွက်နိုင်သည်။ fan belt လည်းလျှော့ရဲနေလျှင် ချော်ပြီး လည်နိုင်၍ overheat ဖြစ်သည်။
၆။ exhaust back pressure
Catalytic converter ပိတ်နေ၍ လည်းကောင်း၊ exhaust pipe ကျိုးကြေ နေ၍ လည်းကောင်း exhaust back pressure မြင့်တက်လာပြီး overheat ဖြစ်နိုင်သည်။
၇။ environmental Heat.
အထူးသဖြင့် မီးစက်များတွင် ပတ်ဝန်းကျင် အပူချိန်ကြောင့် overheat ဖြစ်နိုင်သည်။ မီစက်နားတွင် compressor များထား၍ လည်းကောင်း၊ တခြားစက်မှ exhaust အပူများဝင်လာ၍ လည်းကောင်း အပူချိန်မြင့်လာကာ overheat ဖြစ်သည်။
၈။ overload
Engine တလုံးတွင် သတ်မှတ်ထားသေည ပါဝါထက် ပိုမောင်းလျှင် overheat ဖြစ်သည်။

+5